JESUS ARMY
JESUS CENTRES
MULTIPLY NETWORK
CHRISTIAN COMMUNITY
FACEBOOK
FLICKR PHOTOS
FOLLOW ON TWITTER
THE MJA BLOG
JESUS ARMY MULTILINGUAL ONLINE BIBLE
Burmese (Myanmar)

Choose a Bible
Select book or range
Type your search text here

Ignore case
Highlight
Exact phrase Ignore Word Order Any words
Chapter

Burmese (Myanmar), Ezekiel 31

1   á€žá€€á€šá€€á€›á€Źá€‡á€ş တဆယ်တခု၊ တတိယလတရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊

2   á€Ąá€á€ťá€„á€şá€¸á€œá€°á€žá€Źá€¸áŠ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းနှင့် သူ၏အလုံးအရင်းအား ဟောပြောရမည် မှာ၊ သင်သည် ဘုန်းတန်ခိုးကြီး၍ အဘယ်သူနှင့် တူသနည်း။

3   á€Ąá€Źá€›á€žá€Żá€›á€­á€œá€°á€žá€Šá€ş အဆင်းလှ၍ လွှမ်းမိုးသော အကိုင်း၊ မြင့်သောအရပ်၊ ထူထပ်သောအခက်အလက် တို့နှင့် ပြည့်စုံသော ထိပ်ဖျားရှိသော လေဗနန်အာရဇ်ပင်ဖြစ်၏။

4   á€™á€źá€…á€şá€›á€ąáá€€á€ťá€ąá€¸á€‡á€°á€¸á€€á€źá€ąá€Źá€„á€şá€ˇ ကြီးမားခြင်း၊ နက်နဲ သောရေ၏ကျေးဇူးတရားကြောင့် အရပ်မြင့်ခြင်းရှိ၏။ သူစိုက်ရာ အရပ်ရပ်တို့၌ ရေစီး၍၊ ခပ်သိမ်းသော တော ပင်ရှိရာသို့ မြစ်ရေသည် နှံ့ပြားလေ၏။

5   á€‘ိုသိုအသ္ဏဥဏးဖဟင်အ တောသစ်ပင်တကာတို့ ထက် အရပ်မြင့်လေ၏။ တိုးပွားသောအခါ ရေများသော ကြောင့် အကိုင်းအခက်များပြား၍၊ အလက်တို့သည် ရှည်လျားကြ၏။

6   á€™á€­á€Żá€ƒá€şá€¸á€€á€ąá€Źá€„်းကင်ငသက်ဥပ္ဍင်းတိုအသည် အကိုင်း အခက်တို့၌ အသိုက်လုပ်ကြ၏။ တောတိရစ္ဆာန်အပေါင်း တို့သည် အကိုင်းအခက်တို့ အောက်၌သာ ဘွားကြ၏။ ထိုအပင်၏ အရပ်၌ကြီးမားသော လူမျိုးအပေါင်းတို့ သည် နေကြ၏။

7   á€‘ိုသိုအ ရေများသောအရပ်၌ အမြစ်စွဲသော ကြောင့်၊ ကြီးမြင့်၍ အခက်အလက်ရှည်လျားသဖြင့် လှသောအဆင်းနှင့် ပြည့်စုံ၏။

8   á€˜á€Żá€›á€Źá€¸á€žá€á€„á€şá ဥယျာဉ်တော်၌ အာရဇ်ပင်တို့ သည် ထိုအပင်ကို မကွယ်နိုင်။ ထင်းရူးပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက်နှင့်မပြည့်စုံကြ။ ဘုရားသခင်၏ ဥယျာဉ်တော်၌ သစ်ပင်တပင်မျှ ထိုအပင် ကဲ့သို့ အဆင်းမလှ။

9   á€§á€’င်ဥရပ်၊ ဘုရားသခင်၏ဥယျာဉ် တော်၌ ရှိသမျှသော သစ်ပင်တို့သည် ထိုအပင်ကို ငြူစူ သည်တိုင်အောင် အခက်အလက်များပြားသောအားဖြင့် သူ၏အဆင်းကို ငါလှစေ၏။

10  á€á€–á€”á€şá€Ąá€›á€žá€„á€şá€‘á€Źá€á€›á€˜á€Żá€›á€Źá€¸ မိန့်တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ်မြင့်လျက်၊ ထူထပ်သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိထိပ်ဖျားကို ချီမြှောက်လျက်၊ စိတ်လည်းမြင့်၍ ဝါကြွားလျက်ရှိသော ကြောင့်၊

11  á€œá€°á€™á€ťá€­á€Żá€¸á€á€­á€Żá€ˇá€á€˝á€„် တန်ခိုးကြီး၍ သူ့ကိုကျပ်တည်းစွာ စီရင်သော သူ၏လက်သို့ ငါအပ်လေပြီ။ သူပြုသော အဓမ္မအမှုကြောင့် နှင်ထုတ်လေပြီ။

12  á€€á€źá€ąá€Źá€€á€şá€™á€€á€şá€˜á€˝á€šá€şá€žá€ąá€Ź တကျွန်းတနိုင်ငံသား တို့သည် သူ့ကို ခုတ်လှဲ၍ ပစ်ထားကြပြီ။ အကိုင်းအခက် တို့သည် တောင်ပေါ်နှင့် ချိုင့်ထဲမှာကျ၍ တပြည်လုံး မြစ်နားမှာ ကျိုးပဲ့လျက်နေကြ၏။ မြေကြီးသာအပေါင်း တို့သည် သူ့အရိပ်ထဲကထွက်၍ သူ့ကိုစွန့်သွားကြ၏။

13  á€™á€­á€Żá€ƒá€şá€¸á€€á€ąá€Źá€„်းကင်ငသက်နသင်အ တောတိရစ္ဆာန် အပေါင်းတို့သည် ကျိုးပဲ့သော အကိုင်းအခက်တို့ အပေါ် မှာ နေရကြ၏။

14  á€Ąá€€á€źá€ąá€Źá€„်းမူကဏး၊ ရေနားမှာရှိသမျှသော သစ် ပင်တို့တွင် တပင်မျှအရပ်မြင့်သောကြောင့် မဝါကြွား။ ထူထပ်သော အခက်အလက်တို့တွင် မိမိထိပ်ဖျားကို မချီမြှောက်မည်အကြောင်း၊ ရေကိုသောက်သမျှသော အပင်တပင်မျှအရပ်မြင့်လျက် မပြိုင်ဝံ့မည်အကြောင်း တည်း။ ထိုအပင်အပေါင်းတို့သည် မြေတွင်းထဲသို့ ဆင်း တတ်သောလူသားတို့နှင့်အတူ သေခြင်းသို့၎င်း၊ မြေ အောက်အရပ်သို့၎င်း ရောက်စေခြင်းငှါ ငါအပ်လေပြီ။

15  á€Ąá€›á€žá€„á€şá€‘á€Źá€á€›á€˜á€Żá€›á€Źá€¸ မိန့်တော်မူသည်ကား၊ သူသည် မရဏာနိုင်ငံထဲသို့ ဆင်းသွားသောနေ့၌ နက်နဲ သောအရပ်ကို သူ့အဘို့မသာ အဝတ်နှင့် ငါဖုံးလွှမ်း၏။ လှိုင်းတံပိုးတို့ကို ငါကန့်ကွက်၍ ကြီးစွားသော ရေကို ချုပ်ထား၏။ လေဗနန်တောင်ကို သူ့အဘို့ မသာအဝတ် ကို ဝတ်စေ၍၊ တောသစ်ပင်အပေါင်းတို့သည် စိတ်ပျက် ကြ၏။

16  á€™á€źá€ąá€á€˝á€„်းထဲသိုအ ဆင်းသွားသောသူတို့နှင့်အတူ သူ့ကို မရဏနိုင်ငံထဲသို့ ငါနှိမ့်ချသောအခါ၊ နှိမ့်ချသံ အားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင် သစ်ပင်ရှိသမျှတို့နှင့် အကောင်းဆုံး။ အမြတ်ဆုံးသော လေဗနန်သစ်ပင်မှစ၍၊ ရေကိုသောက်သမျှသော သစ်ပင်တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။

17  á€‘ိုသူနသင်အတကွ သူ့လက်ရုံဖြစ်၍၊ လူမျိုးတို့တွင် သူ့အရိပ်ကို ခိုသောသူတို့သည် ထားဖြင့် အသေခံရသော သူတို့ နေရာ၊ မရဏာနိုင်ငံထဲသို့ လိုက်သွားကြ၏။

18  á€žá€„်သည် ဘုန်းတန်ခိုးအာနုဘော်အားဖြင့် အဘယ်မည်သော ဧဒင်သစ်ပင်နှင့် တူသနည်း။ သင် သည် ဧဒင်သစ်ပင်တို့နှင့်အတူ မြေအောက်အရပ်သို့ နှိမ့်ချခြင်းကိုခံရမည်။ အရေးဖျားလှီးခြင်းကို မခံသောလူ၊ ထားဖြင့်အသေခံရသောသူတို့နှင့်အတူ လဲ၍နေရမည်။ ထိုသို့ဖာရောဘုရင်နှင့် သူ့အလုံးအရင်းရှိသမျှတို့သည် ဖြစ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။


Ezekiel 30    Choose Book & Chapter    Ezekiel 32

Burmese is spoken by around 22,000,000 people: 21,553,000 in Myanmar, 231,000 in Bangladesh, around 216,000 elsewhere.

To be able to read the Myanmar Bible successfully, you may need to install the Padauk font from here. You also need a recent version of Uniscribe (included in Windows XP SP2 or better, or available here), or a Graphite-enabled browser, such as the Graphite enabled version of Firefox.

Burmese (Myanmar) Bible, 1835. Translated by Rev. Adoniram Judson


Licensed to Jesus Army. All Rights reserved. (Script Ver 2.0.2)
© 2002-2012. Powered by BibleDatabase with enhancements from the Jesus Army